Home » Announcements » ကွန်ပျူတာအသုံးချနည်းပညာသင်တန်း သင်တန်းသားများခေါ်ယူခြင်း

ကွန်ပျူတာအသုံးချနည်းပညာသင်တန်း သင်တန်းသားများခေါ်ယူခြင်း

 

ကွန်ပျူတာအသုံးချနည်းပညာသင်တန်းနှင့်ကွန်ပျူတာပြုပြင်ရေးဆိုင်ရာသင်တန်းအတွက် သင်တန်းသားလျှောက်လွှာခေါ်ယူခြင်း

ဒေသတွင်းရှိ ရုံးသူ/သားများ၊ကျောင်းသူ/သားများ ကွန်ပျူတာအသုံးချမှုတွင် ကျွမ်းကျင်မှုရှိစေရန် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)တွင် အပတ်စဥ်(၆) ကွန်ပျူတာအသုံးချနည်းပညာသင်တန်းနှင့် အပတ်စဥ် (၂)ကွန်ပျူတာပြုပြင်ရေးဆိုင်ရာသင်တန်းအား အောက်ပါအစီအစဥ်အတိုင်း ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)၊ကျောင်းသားရေးရာဌာန(ဖုန်း-၀၄၄-၂၀၂၂၇၂၅၊၀၉ -၇၈၃၅၄၃၉ ၀၃) သို့ လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ လာရောက်လျှောက်ထားနိုင်ပါသည်။

(၁)သင်တန်းစတင်လက်ခံသည့်နေ့       -(၂၅.၄.၂၀၁၈)

(၂)သင်တန်းစတင်ဖွင့်လှစ်သည့်နေ့-ကွန်ပျူတာအသုံးချနည်းပညာသင်တန်း   – (၇.၅.၂၀၁၈)

-ကွန်ပျုတာပြုပြင်ရေးဆိုင်ရာသင်တန်း     – (၁၈.၆.၂၀၁၈)

(၃)သင်တန်းကာလ                       – (၁)လခွဲ

(၄)သင်တန်းအချိန်                   -နံနက်(၉း၀၀)နာရီမှ(၁၂း၀၀)နာရီထိ

(၅)သင်တန်းကြေး                    -တစ်ဦးလျှင်(၁၅၀၀၀)ကျပ်၊

(၆)ဖွင့်လှစ်သင်ကြားမည့်နေရာ -ကွန်ပျူတာတက္ကသိုလ်(ဟင်္သာတ)

(၇)     သင်ကြားမည့်ဘာသာရပ်များ

(က)ကွန်ပျူတာအသုံးချနည်းပညာသင်တန်း

– Operation System, Microsoft Word 2010, Microsoft Excel 2010,

Microsoft Powerpoint 2010,Adobe Page Maker 7,Myanmar Font

(ခ) ကွန်ပျုတာပြုပြင်ရေးဆိုင်ရာသင်တန်း

-A+ Course, Computer Components, Computer Systems, Window

Installations, Trouble Shooting window

(၈)သင်တန်းတက်ရောက်ရန်လိုအပ်သောစာရွက်စာတမ်း

                   (က)ပညာအရည်အချင်းအထောက်အထား

တက္ကသိုလ်ဝင်တန်းအဆင့်နှင့်တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူ

(ခ)ဝန်ထမ်းဖြစ်ပါကဌာနအကြီးအကဲ၏ခွင့်ပြုသောအမိန့်စာ

(ဂ)စာရိတ္တကောင်းမွန်ကြောင်းသက်ဆိုင်ရာရပ်ကွက်/ရဲစခန်းမှထောက်ခံစာ

(ဃ)ဓါတ်ပုံ(၁)ပုံ



Back